Breaking News >> News >> Democratic Voice of Burma


ကုန်ဈေးနှုန်းကြီးမြင့်မှု ရင်ဆိုင်နေရသည့် သီရိလင်္ကာတွင် ပြည်သူထောင်ချီ ဆန္ဒပြ


Link [2022-03-24 14:33:15]



စီးပွားရေးအကျပ်အတည်းကြောင့် လောင်စာဆီ ပြတ်လပ်မှုနဲ့ အစားအစာ ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်မှာ မတ် ၂၃ ရက်နေ့က ပြည်သူထောင်နဲ့ချီ ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေကို အတိုက်အခံ အမျိုးသားပြည်သူ့အာဏာပါတီက ဦးဆောင်ခဲ့တာပါ။ အစိုးရရဲ့ လောင်စာဆီနဲ့ ကုန်ဈေးနှုန်း မထိန်းချုပ်နိုင်မှု၊ နေထိုင်စရိတ် မြင့်မားမှုတွေကို ပိုစတာတွေကိုင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့တာပါ။ ဆန္ဒပြသူတဦးက “ပြည်သူတွေမှာ စားစရာလည်းမရှိ၊ လောင်စာဆီလည်းမရှိ၊ ဝယ်စရာပိုက်ဆံလည်း မရှိဘူး၊ လူထုတွေ ဒုက္ခရောက်နေတာကို ဦးနှောက်မရှိတဲ့ ခေါင်းဆောင်တွေက ဂရုမစိုက်ဘူး” လို့ ပြောပါတယ်။ အခြားသူတဦးကလည်း အခုဆန္ဒပြမှုက တနိုင်ငံလုံး မငြိမ်မသက်မှုအထိ ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ လောင်စာဆီဈေးနှုန်း တက်မှုကြောင့် နိုင်ငံပိုင် ဓာတ်ဆီဆိုင်တွေမှာ လူတွေထောင်ချီ နာရီများစွာ တန်းစီနေကြရပြီး အစိုးရက ဓာတ်ဆီဆိုင်ရှေ့တွေမှာ စစ်သားတွေ […]

Most Read

2024-09-21 20:47:02