Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်တွင် ​ကျောင်းထိုင်ဆရာ​တော်အပါအဝင် စစ်​ရှောင်ပြည်သူ ၈ ဦးကို စစ်​တပ်က ဖမ်းဆီး


Link [2022-03-24 14:33:15]



စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ​နှော​ရိုး​ကျေးရွာ ဘုန်း​တော်ကြီး​ကျောင်းမှာ စစ်​ရှောင်​နေတဲ့ ပြည်သူအချို့နဲ့ ​ကျောင်းထိုင်ဆရာ​တော်ကို စစ်​ကောင်စီတပ်က မတ် ၂၃ ရက်နေ့ မနက် ၇ နာရီလောက် ဖမ်းဆီး​ခေါ်​ဆောင်သွားတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ ယင်းမာပင်မြို့နယ်မှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေကြောင့် ​ကျေးရွာ ဘုန်း​တော်ကြီး​ကျောင်းမှာ စစ်ရှောင်နေတဲ့ အမျိုးသား ၇ ဦးနဲ့ ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ မတ် ၂၄ ရက် မနက်ပိုင်းမှာတော့ ဆရာတော်အပါအဝင် ၈ ဦးကို  ယင်းမာပင်မြို့ဘက် ​ဖမ်းဆီး​ခေါ်​ဆောင်သွားတယ်လို့ ​ဒေသခံတဦးက ​ပြောပါတယ်။ စစ်​​ကောင်စီတပ်ဟာ မတ် ၂၃ ရက်က ​နှောရိုး​ကျေးရွာအတွင်းကို ​ဝင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ​ကျေးရွာအတွင်းက​နေ အခြား​ကျေးရွာ​တွေဘက်​ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ရွာသာယာ​ကျေးရွာအတွင်းကိုလည်း လက်နက်ကြီးကျည် […]

Most Read

2024-09-21 20:32:35