Breaking News >> News >> Democratic Voice of Burma


သြစတြေးလျတရားရုံးတွင် မြန်မာစစ်ခေါင်းဆောင်များ စစ်ရာဇ၀တ်မှုဖြင့် တရားစွဲခံရနိုင်


Link [2022-03-24 09:12:23]



မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေကို သြစတြေးလျမှာ တရားစွဲခံရနိုင်တယ်လို့ မဲလ်ဘုန်း အခြေစိုက် ဩစတြေးလျသတင်းစာ The Age မှာ ရေးထားပါတယ်။  မြေပြင်ကြီးကြပ် အမိန့်ပေးကွပ်ကဲသူတွေကနေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အထိ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်အများအပြားကို စွဲဆိုမယ့်အမှုတွေကို မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်ဆင်နေပြီး သူတို့ကို ဩစတြေးလျမှာ အလုံးစုံတရားစီရင်ပိုင်ခွင့်အောက်မှာ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။  ဒီဆောင်ရွက်ချက်ဟာ ဩစတြေးလျမြေပေါ်မှာ ဖြစ်ပွားတဲ့ အမှုတွေ မဟုတ်ခဲ့ရင်တောင်မှ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တခြားစစ်ပွဲတွင်း နှိပ်စက်မှုတွေကို ကျူးလွန်ကြောင်း သံသယရှိသူတွေကို ဩစတြေးလျဥပဒေအရ အရေးယူခံရဖို့ ခွင့်ပြုပေးမှာဖြစ်ပါတယ်။  စစ်တပ်အရာရှိတွေကို စွဲဆိုမယ့်အမှုတွေမှာ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ကယားပြည်နယ်နဲ့ […]

Most Read

2024-09-21 20:44:25