Breaking News >> News >> Democratic Voice of Burma


မြဝတီမြို့နယ်၌ စစ်ပွဲလက်ကျန် ကျည်ဖူးကို ဆော့ကစားစဉ် ပေါက်ကွဲမှုဖြစ်ပြီး လူငယ် ၁ ဦးသေဆုံး


Link [2022-03-24 09:12:23]



ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကြီးရွာ အမှတ် (၄) ရပ်ကွက်မှာ မတ်လ ၂၃ ရက်က  ဒေသခံ ဆယ်ကျော်သက်လူငယ်တယောက်ဟာ စစ်ပွဲလက်ကျန် မပေါက်ကွဲသေးတဲ့ လက်နက်ကျည်ဖူးတခုကို ကိုင်ပြီး ကစားနေစဉ် လက်ထဲမှာ ပေါက်ကွဲလို့ နေရာမှာတင် ပွဲချင်းပြီး  သေဆုံးသွားပါတယ်။ ပေါက်ကွဲသွားတဲ့ အဆိုပါ (၇၉) ကျည်ဖူးဟာ  စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့မှ တိုက်ပွဲတွင်း ပစ်ခတ်ရာက ကျန်ခဲ့တဲ့ ကျည်ဆန်ဖြစ်ပြီး သေဆုံးသွားသူကတော့ သက် ၁၅ နှစ်အရွယ် ရွာသား စောကြေးဝါး ဖြစ်ပါတယ်။ ဖလူးဒေသမှာ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင် ကျူးကျော်မှုကြောင့်  ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ ဒေသခံပြည်သူတွေ အခုချိန်ထိ နေအိမ်တွေကို မပြန်နိုင်သေးဘဲ တိမ်းရှောင်ခိုလှုံနေကြရပါတယ်။  မတ်လ ၂၃ ရက်ဒီကနေ့မှာတော့ စစ်ဘေးရှောင် […]

Most Read

2024-09-21 20:00:36