Breaking News >> News >> Democratic Voice of Burma


ဂျပန်နိုင်ငံက မြန်မာလုပ်သားခေါ်ယူမှု ပြန်လည်စတင်နေ


Link [2022-03-24 09:12:23]



ဂျပန်နိုင်ငံက မြန်မာလုပ်သားခေါ်ယူမှုကို ၂၀၂၀ ဒီဇင်ဘာလောက်ကစပြီး တနှစ်ကျော် ရပ်နားခဲ့ရာမှ လက်ရှိမှာတော့ ပြန်လည်လက်ခံနေပြီလို့  ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တချို့က ဒီဗွီဘီကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် လူငယ်တွေဟာ နှစ်စဉ် ပြည်ပထွက်ခွာပြီး အလုပ်အကိုင် ရှာဖွေနေကြရတာပါ။  ဒါပေမဲ့ ကမ္ဘာတဝန်း ဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်ပရွှေ့ပြောင်း လုပ်သားစျေးကွက်အပေါ် သက်ရောက်မှုရှိခဲ့ပြီး နိုင်ငံအသီးသီးမှ အလုပ်ခေါ်ဆိုမှု (demand letter) တွေကလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ လက်ရှိမှာတော့ အခုလ မတ်လကစလို့  ဂျပန်နိုင်ငံက မြန်မာလုပ်သားတွေကို ပြန်လည် လက်ခံနေပြီလို့ လိုင်စင်ရအကျိုးဆောင်အေဂျင်စီတချို့က ဆိုပါတယ်။ ဂျပန်နိုင်ငံဆီ အလုပ်သမား တရားဝင်စေလွှတ်ခွင့်ရရှိထားတဲ့ လိုင်စင်ရအကျိုးဆောင်လုပ်ငန်းရှင်တဦးက “ပြည်ဝင်ခွင့် ပေးလိုက်တဲ့အတွက်ကြောင့် ဂျပန်ကနေ ပြန်လာပြီး ပြန်သွားချင်တဲ့ ကလေးတွေကို  ဦးစားပေးအနေနဲ့ […]

Most Read

2024-09-21 20:16:44