Breaking News >> News >> Democratic Voice of Burma


ပုလဲနှင့် ကသာတွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-03-24 09:12:23]



စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ကသာမြို့နယ်တို့မှာ မတ် ၂၃ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။စစ်ကောင်စီယာဉ်တန်း ၁၃ စီးဟာ ပုလဲမြို့နယ် တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့တွေအတွက် အင်အားဖြည့်ဖို့ လာရောက်စဉ် လက်ပံကန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။ပုလဲ PDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက “တိုက်ပွဲက ပထမလက်ပံကန်ရွာ အနောက်ဘက် တယ်ပင်ကန်တံတား အရှေ့ဘက်ကနေ တိုက်ခိုက်ခဲ့တယ်။ မိုင်း ၈ လုံးနဲ့ စတင်တိုက်ခိုက်တယ်။ အဲလို မိုင်းဆွဲလို့ ကားတန်း ရပ်တန့်လိုက်တယ်။ အဲလိုရပ်တန့်နေတဲ့အချိန် ကျနော်တို့ တဖက်ပွင့်စိန်ပြောင်း ၆ လုံးနဲ့ ကားနောက်ပိုင်းကို ပစ်ခတ်ခဲ့တယ်ဗျ။ ကား ၂ စီးကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးသွားတယ်။‌ စစ် (-) တွေလည်း အထိအခိုက်‌များမယ်” လို့ ပြောပါတယ်။ကသာမြို့နယ်မှာလည်း […]

Most Read

2024-09-21 20:45:22