Breaking News >> News >> Democratic Voice of Burma


ဝန်ကြီး ဦးမင်းသူကို စွဲထားသည့် အဂတိမှု စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် သက်သေထွက်ဆို


Link [2022-03-24 09:12:23]



ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို စစ်ကောင်စီက တရားစွဲထားတဲ့ အဂတိမှုနဲ့ပတ်သက်ပြီး  မတ်လ ၂၃ ရက် ဒီကနေ့ နေပြည်တော် ဇမ္ဗူသီရိ အထူးတရားရုံးမှာ စတင်စစ်ဆေးနေပါတယ်။ အဲဒီအမှုကို ဒီကနေ့ စတင်စစ်ဆေးရာမှာ တရားလိုပြသက်သေအဖြစ် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ ဘဏ်ဝန်ထမ်းအမျိုးသမီးတယောက်တို့ သက်သေထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။  “ဦးမောင်ဝိတ်က သူ့သဘောနဲ့သူ လှူဒါန်းခဲ့တာလို့ပဲ ထွက်ဆိုခဲ့ပါတယ်” လို့ တရားရုံးနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ရန်ပုံငွေ တီရှပ်နဲ့ လွယ်အိတ်ဖိုးတွေ အလှူခံခဲ့တယ်ဆိုပြီး စစ်ကောင်စီက ဇန်နဝါရီ ၂၅ ရက်မှာ အဂတိမှုနဲ့ စတင်တရားစွဲခဲ့တာပါ။ ဦးမင်းသူဟာ နိုင်ငံရေးရာထူး လက်ဝယ်ရှိခဲ့တဲ့ ၂၀၂၀ စက်တင်ဘာလတုန်းက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် […]

Most Read

2024-09-21 20:34:22