Breaking News >> News >> Democratic Voice of Burma


အာကျိတ်တော်ကုန်းက ငိုကြွေးသံများ


Link [2022-03-23 10:12:38]



စစ်တွေမြို့ အာကျိတ်တော်ကုန်းသင်္ချိုင်းရှိ မီးသဂြိုလ်စက်အနီးမှ အမျိုးသမီးများနှင့် ကလေးငယ်တချို့၏ အော်ဟစ်ငိုကြွေးသံများကို ကြားလိုက်ရချိန်တွင် အဆိုပါအသံများက နာရေးတစ်ခုခုမှ ဖြစ်မည်ဟု ပထမအစတွင် ထင်မှတ်ခဲ့သည်ဟု ဒေါ်ခင်လှက ဆိုသည်။ သို့သော် နံနက် ၁၀ နာရီပင် မထိုးသေးသော အချိန်ဖြစ်သည့်အတွက် အသုဘချချိန်ထက် အချိန်စောနေသည်ကို သတိထားမိခဲ့ဟု ဒေါ်ခင်လှက ပြန်ပြောပြသည်။ ဈေးဝယ်၍ အိမ်ပြန်လာသော ဒေါ်ခင်လှမှာ မီးသဂြိုလ်စက်အရှေ့ဘက်လမ်းသို့ ရောက်သည့်အခါ အသုဘချနေသည့် လူတစ်ဦး တစ်ယောက်ကိုမျှ မတွေ့ခဲ့ရဘဲ သူမကြားခဲ့ရသည့် အော်ဟစ်ငိုကြွေးသံများမှာ မီးသဂြိုလ်စက်အနောက်ဘက်ရှိ ကျူးကျော်နေအိမ်ခြံဝင်းအတွင်းက ထွက်ပေါ်လာသော အသံများဖြစ်နေခဲ့သည်။ ထိုနေ့က ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်ဖြစ်ပြီး သင်္ချိုင်းမြေတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ အိမ်အလုံး ၂၀၀ ခန့်ကို စစ်တပ်၊ ရဲ ၊ စည်ပင်နှင့် […]

Most Read

2024-09-21 19:59:11