Breaking News >> News >> Democratic Voice of Burma


ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန် စွပ်စွဲချက် စစ်ကောင်စီ ကန့်ကွက်ပယ်ချ


Link [2022-03-23 10:12:38]



မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့တဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ပယ်ချတဲ့အကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ မတ်လ ၂၁ ရက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက် ခင်းကျင်းပြသနေတဲ့ ရိုဟင်ဂျာပြပွဲမှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မိန့်ခွန်း ပြောကြားစဉ် မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့  လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ အမေရိကန် အစိုးရက သတ်မှတ် ဆုံးဖြတ်လိုက်တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့တာပါ။  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ ပကတိအခြေအနေမှန်နဲ့ လွန်စွာကင်းကွာနေပြီး မခိုင်လုံတဲ့ အရင်းအမြစ်တွေ အတည်ပြုနိုင်ခြင်းမရှိတဲ့ အချက်အလက်တွေနဲ့ မမှန်မကန်စွပ်စွဲချက်တွေကို  ရည်ညွှန်းကိုးကားထားကြောင်း၊ နိုင်ငံရေးရည်ရွယ်ချက်ရှိပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ […]

Most Read

2024-09-21 20:05:06