Breaking News >> News >> Democratic Voice of Burma


မအလ ကင်ဆာ (သရော်စာ)


Link [2022-03-23 10:12:38]



မနှစ်က နွေဦးမှာ ရုတ်တရက် ချက်ချင်းကြီး ထထွက်ခဲ့ရတဲ့ ခရီးသည် ဖေကြီးဟာ အခုအထိ ကိုယ့်မြို့ ကိုယ့်အိမ်ကို ပြန်မရောက်သေးပါဘူးခင်ဗျ။ ရွာစဉ်ရွာဆက် အတော်များများကို ဖြတ်သန်းခဲ့ရတယ်။ ခွန်နစ်အိမ်တန်းမှာ “ကိုဂျမ်းဘုံ”အဖြစ် ခိုနားဖူးသလို အိမ်ခြေသုံးလေးဆယ်ရှိတဲ့ရွာမှာ “ကိုဆယ်” အဖြစ်လည်း နားခိုဖူးပါတယ်။ အိမ်ခြေ ရာဂဏန်းရှိတဲ့ ရွာတွေမှာ နားနေမှေးစက်ခွင့်ရတဲ့အခါမတော့ “ကိုရာကျော်” ပေါ့ ခင်ဗျာ။ ရပ်အရိပ် ရွာ့အရိပ်တွေမှာ နားနေချွေးသိပ်ခွင့်တွေ များစွာများစွာ ရခဲ့ပါလေတော့လည်း “ဆွေသစ် မိတ်သစ် ဆုံလို့ပါပဲကွယ်” ပေါ့။ နေထိုင်ခွင့်ပေးခဲ့တဲ့သူတွေ ကျွေးမွေးပြုစုခဲ့ကြတဲ့သူတွေ၊ စောင့်ရှောက်ပြီး လမ်းပြခဲ့ကြတဲ့သူတွေ . . . စသည်ဖြင့် စသည်ဖြင့် စသည်ဖြင့် အစစအရာရာ ကူညီခဲ့တဲ့သူတွေနဲ့ ဘဝတကွေ့မှာ မိတ်ဆွေရင်းတွေ ဖြစ်ခဲ့ရပါသဗျ။ အပူငွေ့တွေ ဗရပွနဲ့ လောင်မြိုက်နေတဲ့ […]

Most Read

2024-09-21 20:08:00