Breaking News >> News >> Democratic Voice of Burma


သင်္ကြန်ပွဲတော်အတွက် မန္တလေးမြို့တော်စည်ပင်ရုံးရှေ့ ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ်


Link [2022-03-23 10:12:38]



မန္တလေးမြို့မှာ လာမယ့် နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကျင်းပရေးအတွက် အာဏာသိမ်းစစ်ကောင်စီက မန္တလေးမြို့တော်စည်ပင်ရုံးရှေ့မှာ ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ်နေပါတယ်။ခေတ်အဆက်ဆက်က မြန်မာ့ယဉ်ကျေးမှု သင်္ကြန်၊ မြန်မာ့ယဉ်ကျေးမှုစစ်စစ်နဲ့ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုနဲ့အညီ သင်္ကြန်ကျင်းပဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မန္တလေးစည်ပင် သတင်းစာမှာ ဖော်ပြထားပါတယ်။သင်္ကြန်ပွဲနဲ့အတူ မန္တလေး ကျုံးရေပြင်အတွင်း တည်ဆောက်ထားတဲ့ ရတနာပုံ အပန်းဖြေဥယျာဉ်ကိုပါ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ဒါ့အပြင် ရေကစားမဏ္ဍပ်တွေ ထားရှိမယ့်အပြင် သင်္ကြန်ပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေကိုပါ ကျုံးရေပြင်အတွင်း လောင်းလှေတွေနဲ့ ရေဖျန်းဖို့ စီစဉ်နေပြီး စတုဒီသာ ကျွေးမွေးတာတွေလည်း လုပ်မယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ မနှစ် နှစ်ကူးသင်္ကြန်ကို ကျင်းပဖို့ စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့က လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူတွေက တော်လှန်သင်္ကြန်အဖြစ် ရေမကစားခဲ့ဘဲ မန္တလေးစည်ပင်ရုံးရှေ့မှာ တည်ဆောက်ထားတဲ့ ဗဟိုမဏ္ဍပ်ကိုလည်း ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။

Most Read

2024-09-21 20:00:46