Breaking News >> News >> Democratic Voice of Burma


သမ္မတဘိုင်ဒင် တင်သွင်းသည့် အမျိုးသမီးတရားသူကြီးကို ဆီးနိတ်ကော်မတီ မေးခွန်းထုတ်


Link [2022-03-23 10:12:38]



အမေရိကန်တရားရုံးချုပ် တရားသူကြီး လစ်လပ်နေရာအတွက် သမ္မတဂျိုးဘိုင်ဒင် ရွေးချယ် အမည်စာရင်း တင်သွင်းထားတဲ့  အမျိုးသမီးတရားသူကြီး ကာတန်ဂျီ ဘရောင်းဂျက်ဆင်ကို အတည်ပြုခန့်အပ်ဖို့ အဖွဲ့ဝင် ၂၂ ဦးပါ ဆီးနိတ်ကော်မတီက ၂ ရက်တိုင် မေးခွန်း မေးမြန်းခဲ့ပါတယ်။ ပထမဆုံး ဆီးနိတ်တာ မစ္စတာဒါဘင်က  ဂျက်ဆင်ရဲ့ တရားစီရင်ရေးဒဿနနဲ့ ပတ်သက်လို့ မေးရာမှာ ဂျက်ဆင်က “ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း ဘက်မလိုက် သမာသမတ်ကျတဲ့ တရားစီရင်ရေး နည်းစနစ်တခုတိုးတက်အောင် ကျမလုပ်နိုင်ခဲ့ပါတယ်။ အမေရိကန် တရားရေးစနစ်မှာ ကျမသတိထားမိတာ တရားသူကြီးတယောက်ရဲ့ ဆုံးဖြတ်ပိုင်ခွင့် အာဏာဟာ အကန့်အသတ်မူဘောင် ရှိပါတယ်။ အဲဒီလမ်းကြောင်းအတွင်းကပဲ အမှုတိုင်းကို ဆုံးဖြတ်ဖို့ ကျမ ကြိုးစားနေပါတယ်” လို့ ဖြေကြားပါတယ်။ ရီပတ်ဘလစ်ကင်အုပ်စုတွေက ကလေးညစ်ညမ်းစာပေ ဗီဒီယို အမှုတွေနဲ့ ပတ်သက်လို့  ဂျက်ဆင်ရဲ့ […]

Most Read

2024-09-21 20:36:30