Breaking News >> News >> Democratic Voice of Burma


ရုရှားကျူးကျော်စစ်ပွဲ အမြန်ရပ်ရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို


Link [2022-03-23 10:12:38]



ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က ရုရှားရဲ့ ယူကရိန်းအပေါ် တလနီးပါးကြာ အဓိပ္ပာယ်မဲ့ ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲကို အမြန်ဆုံး ရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။“ဒီပဋိပက္ခက ဦးတည်ချက် မရှိဘူး၊ ဘယ်ကိုမှ မရောက်နိုင်ဘူး၊ ယူကရိန်း ပြည်သူတွေသာ ချက်ချင်းလက်ငင်း ငရဲကို ရောက်ရှိသွားတာ” လို့ နယူးယောက်မြို့ သတင်းစားရှင်းလင်းပွဲမှာ ဂူတာရပ်စ်က ပြောပါတယ်။ဆက်လက်ပြီး သူက “ယူကရိုန်းကို ကျူးကျော်တိုက်ခိုက်နေတာ ကျင့်ဝတ်အရ လက်ခံနိုင်စရာမရှိဘူး၊ နိုင်ငံရေး လုံးဝမရှိဘူး၊ စစ်ရေးအရ ဆင်ခြုံတုံတရား မရှိဘူး။ အခု ဝိုင်းပတ်ခံထားရတဲ့ မာရီယူပိုးလ်မြို့ ကျဆုံးသွားရင်တောင် ယူကရိန်းကို တမြို့ပြီးတမြို့ သိမ်းပိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒီစစ်ပွဲဟာ အနိုင်မရနိုင်တဲ့စစ်ပွဲပါ၊ စစ်မြေပြင်ကနေ ငြိမ်းချမ်းရေးစားပွဲဆီ အမြန်ဆုံးရွှေ့ပါ၊ အဓိပ္ပာယ်ရှိရှိ စေ့စပ်ညှိနှိုင်းကြပါ” လို့ ပြောပါတယ်။

Most Read

2024-09-21 20:29:45