Breaking News >> News >> Democratic Voice of Burma


ကော့ကရိတ်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံ ၁၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ


Link [2022-03-23 00:33:36]



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ မတ်လ ၂၁ ရက် မနက်က စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၁၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ဒီကနေ့ မတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်တွေနဲ့ KNLA တပ်ရင်း ၁၈ တို့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီး ရမ်းသန်းပစ်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံကျေးရွာသား ၁၂၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ မတ် ၂၀ ရက်က ကော့ကရိတ်မြို့နယ် တောနော်ဆေးရုံကို ကျော်လွန်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားလာတဲ့အတွက် အခုလိုတိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံလူဦးရေဟာ ပိုမိုတိုးပွားလာနေတာပါ။ ကေအန်ယူတပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကို […]

Most Read

2024-09-21 20:18:40