Breaking News >> News >> Democratic Voice of Burma


လပွတ္တာမြို့နယ်က ရေလုပ်သားမိသားစုများ သစ်ပင်ပေါ်တက် မုန်တိုင်းဘေးရှောင်


Link [2022-03-23 00:33:36]



မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်လာတဲ့ မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က ကျေးရွာတွေမှာ  မတ်လ ၂၂ ရက် ဒီနေ့ မွန်းလွဲပိုင်းက စတင်ကာ ဒီရေတက်တာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။  ဒီရေတွေတက်လာချိန်မှာ မုန်တိုင်းရှောင်ဖို့ ပြုလုပ်ထားတဲ့ Cyclone Shelter မသွားနိုင်တော့တဲ့ ရေလုပ်သားမိသားစုတချို့ကတော့  နီးစပ်ရာသစ်ပင်တွေပေါ် လင့်စင်တွေထိုးပြီး နေခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သူတို့က မုန်တိုင်းရှောင်ဖို့မသွားတော့တာ ဝေးတာလည်း ပါတယ်။ ရေတက်လာတော့ သစ်ပင်တွေမှာ လင့်စင်ထိုးနေတာ သိရသလောက်က ရေလုပ်သားတွေဆိုတော့ ပြန်ရောက်တာ နောက်ကျလို့ မရှောင်တော့တာလို့လည်း သိရတယ်။ အားလုံး မိသားစု ၅ စုလောက်တော့ရှိမယ်။ မိသားစုလိုက် သစ်ပင်ပေါ် တက်နေကြတာ”လို့ လပွတ္တာမြို့ခံတဦးက ပြောပါတယ်။ ပင်လယ်နဲ့နီးတဲ့ဒေသဖြစ်တာကြောင့် မြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းဖြတ်ချိန်မှာ ရွာထဲ […]

Most Read

2024-09-21 20:30:48