Breaking News >> News >> Democratic Voice of Burma


အာဏာသိမ်းစစ်ကောင်စီ၏ ရန်ကုန်မြို့တော်ခန်းမရှေ့က တခုတည်းသောသင်္ကြန်မဏ္ဍပ် (ဓာတ်ပုံ)


Link [2022-03-23 00:33:36]



အခုနှစ်အတွက် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကို အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေပြီး ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော မဏ္ဍပ်ကို ရန်ကုန်မြို့တော်ခမ်းရှေ့မှာ တည်ဆောက်နေပါတယ်။ ဒီနှစ်မှာ ရန်ကုန်သင်္ကြန်အတွက် စစ်ကောင်စီက လက်ရှိတည်ဆောက်နေတဲ့ မြို့တော်ခမ်းမရှေ့ကမဏ္ဍပ် တခုတည်းသာရှိပြီးတော့ ခါတိုင်းစည်ကားနေကျနေရာတွေဖြစ်နဲ့ ပြည်လမ်း၊ အင်းလျား၊ လသာလမ်း၊ လမ်းမတော်၊ တရုတ်တန်း၊ ကန်တော်ကြီးပတ်လမ်း၊ ၁၉ လမ်းတို့နဲ့ ကြည့်မြင်တိုင်ကမ်းနားလမ်းတို့မှာ မဏ္ဍပ်တွေ တည်ဆောက်ထားတာ မရှိသေးပါဘူး။ စစ်ကောင်စီကတော့ သူတို့တည်ဆောက်ထားတဲ့ မဏ္ဍပ်မှာပဲ ယိမ်းအကပြိုင်ပွဲတွေပြုလုပ်ဖို့ လျှောက်လွှာခေါ်ယူထားပေမယ့် စီးပွားဖြစ်မဏ္ဍပ်တွေနဲ့ မိသားစုမဏ္ဍတွေ တည်ဆောက်ဖို့အတွက် လျှောက်လွှာခေါ်ယူထားခြင်းမရှိပါဘူး။

Most Read

2024-09-21 20:35:49