Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့သဖြင့် ဒီပဲယင်း အရှေ့ခြမ်းက ဒေသခံများ နေရပ်စွန့်ခွာနေရ


Link [2022-03-23 00:33:36]



စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကနေတဆင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီတပ်က မတ် ၂၁ ရက်နေ့ ညပိုင်းကနေ စတင်ဝင်ရောက်ခဲ့တာကြောင့် မရကန်ကျေးရွာနဲ့ မူခံတွင်းကျေးရွာက ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။ အဲဒီစစ်ကောင်စီတွေဟာ ရေဦးမြို့ကနေ ထွက်လာကာ ဆည်ကြီးကျေးရွာနဲ့ ညောင်လှရွာ လမ်းကနေ စစ်ကြောင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ “ပြေးရတာပေါ့ဗျ။ လူစိတ်မရှိတဲ့ကောင်တွေဆိုတော့ ကိုယ်အသက်ရှာကြံမွေးရမယ်။ ဒီကောင်တွေက အင်အားများတယ်ဗျ။ စစ်ကောင်စီတပ်တွေတင်မကဘူး ပျူစောထီးတွေပါ ပါတယ်ဆရာရေ။ အခုဒီကောင်တွေ ဒီပဲယင်းအရှ့ခြမ်းက မရကန်ရွာကိုရောက်ရှိနေပြီ။ ဒီကောင်တွေ မနေ့ညနေပိုင်းက ဆည်ကြီးရွာ နဲ့ ဒီနေ့မနက်ပိုင်း မူးခံတွင်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာတွေလည်း လုပ်ခဲ့ကြတယ်။ အိမ်ခြေဘယ်လောက်လောင်မယ်ဆိုတာကိုတော့ အတိကျမပြောနိုင်သေးဘူး။ ကိုယ်တောင် အသက်လုပြေးနေရတာဆိုတော့။ ကျနော်တို့ မရကန်ရွာတင်မကဘူးဗျ အနီးအနားက မူးခံတွင်းရွာတွေနဲ့ ကျန်တဲ့ကျေးရွာတွေလည်း ပြေးကြရတယ်။ ဒေသခံတွေကတော့ စစ်ဆိုတဲ့ အသံကြားရင် […]

Most Read

2024-09-21 20:01:56