Breaking News >> News >> Democratic Voice of Burma


ရခိုင်ပြည်နယ်တောင်ပိုင်းတွင် မုန်တိုင်းဘေး ကြိုတင်ပြင်ဆင်မှုမရှိ


Link [2022-03-23 00:33:36]



မုန်တိုင်းဝင်မယ်လို့ မိုးလေဝသဌာနတွေနဲ့ခန့်မှန်းသူတွေက ထုတ်ပြန်ထားပေမယ့် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွေမှာ ဘာမှပြင်ဆင်တာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ဧရာဝတီတိုင်းက ဖြတ်ကျော်နေတဲ့ မုန်တိုင်းဟာ ပင်လယ်ထဲကိုရောက်ပြီး သံတွဲနဲ့ ကျိန္တလီမြို့နယ်ခွဲနဲ့ကြားကနေ ကုန်းတွင်းကို ဖြတ်ဝင်မယ်လို့ မိုးလေဝသတိုင်းတာခန့်မှန်းသူတွေနဲ့ ဌာနတွေက ဆိုပါတယ်။ “မိုက်နဲ့တော့ လိုက်ပြီးကြေညာတယ်။ ဒါပေမဲ့ ဘာမပြင်ဆင်ထားတာ မရှိဘူး။ ဒီမှာက မိုးနည်းနည်း ရွာတယ်။ ခုတော့ ငြိမ်နေတယ်” လို့ ဂွမြို့နယ် ဌာနဆိုင်ရာတခုက အရာရှိတယောက်က ပြောပါတယ်။ ဂွမြို့ ဒေသခံတယောက်ကတော့ မုန်တိုင်းသတိပေးချက် ကြေညာတာမျိုးမကြားဘူးလို့ ပြောပါတယ်။ “ဘာလည်း ပြောသံမကြားပါလား။ ခုတော့ အေးဆေးပဲ။ မိုးတော့အုံ့နေတယ်” လို့ ပြောပါတယ်။ မုန်တိုင်းဖြတ်ကျော်မယ့် အနီးဆုံးမြို့တမြို့ဖြစ်တဲ့ သံတွဲမြို့မှာတော့ မုန်တိုင်းနဲ့ပတ်သက်ပြီး ဘာမှ ကြေညာတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ […]

Most Read

2024-09-21 20:38:04