Breaking News >> News >> Democratic Voice of Burma


ထိုင်းတောင်ပိုင်း၌ မြန်မာလုပ်သားများလိုက်ပါလာသည့်ကား စစ်ဆေးရေးကို ရှောင်မောင်းစဉ် တိမ်းမှောက်


Link [2022-03-22 19:21:00]



ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်ထဲမှာ မြန်မာနိုင်ငံသားတွေကို တရားမဝင် တင်ဆောင်လာတဲ့ကား ၁ စီး ထိုင်းတာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုကိုမခံဘဲ အတင်းမောင်းပြေးစဉ် ယာဉ်တိမ်းမှောက်လို့  ကားပေါ်လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။  ချွန်းဖွန်းခရိုင် ဆဝီမြို့နယ်ထဲမှာ တရားမဝင်အလုပ်သမားတွေ သယ်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် အုပ်ချုပ်ရေး၊ စစ်တပ်၊ ရဲနဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၂၀ ရက် မနက် ၂ နာရီလောက်မှာ ထုန့်လယအုပ်စုဘက်ကနေ မောင်းနှင်လာတဲ့ အီဇူးစူးကားတစ်စီးကို စစ်ဆေးဖို့ တားဆီးရာက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းပြေးစဉ်  တာဝန်ရှိသူတွေကို တိုက်မိမလိုဖြစ်ပြီး ကားတိမ်းမှောက်သွားခဲ့တာလို့  တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ ကားပေါ်ပါလာသူတချို့ ထိခိုက်ဒဏ်ရာရပြီး တချို့မှာထွက်ပြေးဖို့ ကြိုးစားခဲ့လို့ တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှာ တရားမဝင်မြန်မာနိုင်ငံသား စုစုပေါင်း ၃၅ ဦးကိုဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။  ကားမှောက်မှုမှာ […]

Most Read

2024-09-21 20:27:49