Breaking News >> News >> Democratic Voice of Burma


ကိယက်ဗ်မြို့ လူနေရပ်ကွက်နှင့် ရှောပင်းမောလ် ဗုံးထိမှန်၊ ၈ ဦးသေဆုံး


Link [2022-03-22 19:21:00]



ကိယက်ဗ်မြို့  ပိုဒယ်ရပ်ကွက်ရှိ လူနေအိမ်တွေနဲ့ ရှောပင်းစင်တာတခုကို မတ် ၂၀ ရက်နေ့ညမှာ ရုရှားဗုံး ထိမှန်တာကြောင့် လူ ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။  မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက မီးငြှိမ်းသတ်ပြီး ပြိုကျပျက်စီးနေတဲ့ အဆောက်အဦပုံတွေအောက်မှာ အသက်ရှင်ကျန်သူတွေကို ရှာဖွေခဲ့ပါတယ်။ အဆောက်အဦနဲ့ ဈေးဆိုင်တွေရဲ့ အပြင်ဘက်မှာ အလောင်းတွေ ချထားပါတယ်။  ရုရှားကျူးကျော်စစ်ကြောင့် အရပ်သား ၁ ထောင်နီးပါး သေဆုံးပြီး လူ ၃ သန်းကျော် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံနေရပါတယ်။  ရုရှားသမ္မတပူတင်က ယူကရိန်းတွေဟာ အန္တရာယ်ရှိတဲ့ နာဇီအမျိုးသားဝါဒီတွေ ဖြစ်တာကြောင့် အထူးစစ်ဆင်ရေး တိုးမြှင့်သွားမယ်လို့ ကြေညာထားပါတယ်။

Most Read

2024-09-21 22:33:36