Breaking News >> News >> Democratic Voice of Burma


မုန်တိုင်းကာလ စက်သုံးဆီဆိုင်များ၌ ဆီအပြည့်ဖြည့်ထားရန် စစ်ကောင်စီ သတိပေး


Link [2022-03-21 14:53:57]



မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန် စက်သုံးဆီလိုအပ်ပါက ထုတ်ယူသုံးစွဲနိုင်ဖို့  Terminal နဲ့ အရောင်းဆိုင်တွေမှာ ဆီအပြည့်ဖြည့်ထားဖို့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက စက်သုံးဆီလုပ်ငန်းရှင်တွေကို နှိုးဆော်ထားပါတယ်။ ဆီအတင်အချပြုလုပ်တဲ့ လုပ်ငန်းတွေကို မုန်တိုင်းမဝင်ခင် အပြီးပြုလုပ်ထားဖို့၊ လမ်းခရီးပို့ဆောင်ဆဲ Tanker/ရေယာဥ်ဆီတွဲတွေကို မုန်တိုင်းမဝင်ခင် ကျောက်ချရပ်နားနိုင်အောင် ကြိုတင်ပြင်ဆင်ဖို့၊ လျှပ်စီးလက် မိုးကြိုးပစ်နေချိန်မှာ ဆီဖြည့်တင်းနေတာ ချက်ချင်းရပ်ဖို့လည်း  တိုက်တွန်းထားပါတယ်။ အဲဒီသတိပေးချက်ကို မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ ရန်ကုန်၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တို့မှာ အထူးလိုက်နာကြဖို့နဲ့ ကျန် တိုင်းနဲ့ ပြည်နယ်တွေက ကြီးကြပ်ရေးအရာရှိတွေအနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဆက်လက်မှာကြားအသိပေးဖို့ ညွှန်ကြားထားတာပါ။ မုန်တိုင်းငယ်ဟာ မတ်လ ၂၁ ရက် ဒီနေ့ နေ့လယ်ပိုင်း ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင်တယ်၊ မတ်လ ၂၂ ရက် မနက်ဖြန်မနက်  ဟိုင်းကြီးကျွန်းအနီးကို ရောက်ရှိနိုင်ပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ  […]

Most Read

2024-09-21 22:34:51