Breaking News >> News >> Democratic Voice of Burma


ခေတ်သစ် တဘောင်


Link [2022-03-21 14:53:57]



ပူတင်ကတော့… သူ့ရဲ့ ထောက်လှမ်းရေး အကြီးအကဲတွေကို ဖမ်းချုပ်လိုက်တယ်။ ဖမ်းချုပ်ဆို သူတို့က ယူကရိန်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ရင် စရိတ်စက သက်သက်သာသာနဲ့ ရက်ပိုင်းအတွင်း အောင်မြင်လိမ့်မယ်လို့ တိုက်တွန်း အစီရင်ခံခဲ့ကြတာကိုး။ လက်တွေ့ အခင်းအကျင်းမှာတော့ ၂၄ ရက် ကျော်လာသည့်တိုင် မသိမ်းနိုင်သေးဘူး။ သေလိုက်ကြတဲ့ ရုရှားစစ်သည်တွေ၊ ဆုံးရှုံးလိုက်တဲ့ လက်နက်တွေ နည်းနည်းနောနော မှတ်လို့။ ဒါ့အပြင် ပူတင်လည်း ပြည်တွင်း ပြည်ပ ပြည်သူတွေ လက်မခံတဲ့ ချဉ်ဖတ်ကောင်ကြီး ဖြစ်သွားပါရော့လာ.။ ဒါပေမဲ့ ကျုပ်တို့နိုင်ငံက မင်းအောင်လှိုင်တို့ အကြမ်းဖက်အဖွဲ့အစည်းကတော့ ရုရှား ကျူးကျော်မှုကို ထောက်ခံသတဲ့… တရားဝင်ပြောတာ အံ့ရော။ နဂိုကတည်းက အကြမ်းဖက်လို့ သတ်မှတ်ခံထားရတဲ့ အဖွဲ့အစည်းက ထောက်ခံတာဆိုတော့ အရာရောက်မှုတော့ မရှိဘူးပေါ့ဗျာ။ ‘သခင်အားရ ကျွန်ပါးဝ’ ပြတဲ့ သဘောလောက်ပါပဲ..။ […]

Most Read

2024-09-21 22:47:32