Breaking News >> News >> Democratic Voice of Burma


မိုးသက်လေပြင်းကြောင့် ကရင်စစ်ဘေးရှောင်များ ရေနှင့် မိုးကာစများ အရေးပေါ်လိုအပ်နေ


Link [2022-03-21 14:53:57]



မိုးသက်လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် မြန်မာ-ထိုင်းနယ်စပ်  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသက စစ်ဘေးရှောင်ပြည်သူတွေဟာ မတ် ၂၀ ရက် မနေ့ ညနေ ၄ နာရီလောက်က ယာယီနေထိုင်နေတဲ့ တဲတွေပျက်စီးသွားပြီး   နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ယာယီခိုလှုံနေထိုင်တဲ့ တဲတွေသာမက  စားနပ်ရိက္ခာတွေပါ ပျက်စီးခဲ့တဲ့အပြင် မိုးရွာသွန်းမှုကြောင့် သောင်းရင်းမြစ်ရေဟာ မသန့်ရှင်းတော့ဘဲ သောက်သုံးရေအခက်အခဲတွေနဲ့ပါရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။ စစ်ရှောင်ပြည်သူတစ်ဦးက “လေရော မိုးရောဆိုတော့ တဲတွေအကုန်ပျက်စီးသွားတယ်။ ညက မိုးရေထဲ ဒီအတိုင်းထိုင်နေခဲ့ရတယ်။ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေ တော်တော် ဒုက္ခရောက်ရတယ်။ တချို့ အမျိုးသမီးတွေဆို မီးဖွားပြီးခါစရှိသေးတယ်။ အခုတဲပြန်ပြင်ဆောက်ဖို့က အပျက်အစီးများတော့ ဘယ်ကစလုပ်ရမှန်းတောင် မသိတော့ဘူး”လို့ ဆိုပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများဆုံးပါဝင်သလို လတ်တလောမှာ […]

Most Read

2024-09-21 22:53:38