Breaking News >> News >> Democratic Voice of Burma


ဧရာဝတီတိုင်းတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်မှုများပြုလုပ်


Link [2022-03-21 14:53:57]



ဧရာဝတီတိုင်းမှာ မုန်တိုင်းငယ် ဝင်ရောက်တိုက်ခတ်မယ်လို့ ကြေညာထားတဲ့ အတွက်  မီးသတ်တပ်ဖွဲ့က မတ်လ ၂၀ ရက် မနေ့  ညနေပိုင်းက စတင်ကာ မုန်တိုင်းအန္တရာယ် ကာကွယ်တားဆီးဖို့  ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်တာကြောင့် မုန်တိုင်းအရှိန်ကြောင့် ထူးကဲဒီရေတက်လာနိုင်သလို ပင်လယ်ထဲ ငါးဖမ်းမထွက်ဖို့နဲ့ အနိမ့်ပိုင်းနေရာတွေမှာ မနေထိုင်ကြဖို့ သတိပေးတာတွေ လိုက်လံ ကြေညာခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။ “မုန်တိုင်းဝင်မယ် သတိထားဖို့ပေါ့။ ပြီးတော့ အနိမ့်ပိုင်းဒေသမှာ နေထိုင်သူတွေ သတိထားဖို့ ပင်လယ်ထဲ မထွက်ဖို့ အဲဒီလိုမျိုးတွေ လိုက်အော်တ”လို့ ဒေးဒရဲမြို့ခံတဦးက ပြောပါတယ်။ မုန်တိုင်းဝင်ရောက်စဥ် သဘာဝဘေးအန္တရာယ်ကြိုတင်ခံရမယ့် အနေအထားမျိုးရှိလာရင် ကယ်ဆယ်နိုင်ဖို့အတွက် ပရဟိတအသင်းအဖွဲ့တွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်တာတွေလည်း ပြုလုပ်နေကြပါတယ်။ ချောင်းသာ၊ ငွေသောင်ယံ ပင်လယ်ကမ်းခြေတွေ၊ ပုသိမ်၊ ဟင်္သာတ၊ မြန်အောင်၊  မော်လမြိုင်ကျွန်းအပါဝင် […]

Most Read

2024-09-21 23:20:39