Breaking News >> News >> Democratic Voice of Burma


မုံရွာမြို့အဝင်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး


Link [2022-03-21 14:53:57]



စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်မှာ မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ မုံရွာ-ဘုတလင်ကားလမ်းမှာ မနေ့က နေ့လယ် ၃ နာရီလောက် စစ်ကောင်စီတပ်တွေ စစ်မှုတွေပြုလုပ်နေတဲ့အချိန် ဖမ်းဆီးခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။  “အဲဒီအမျိုးသမီး ၂ ယောက်ရဲ့ ဆိုင်ကယ်စစ်တယ် ဘာမှမတွေ့ဘူး။ Facebook တွေ ဖွင့်ကြည့်တော့ NUG ကို ထောက်ခံစာသားတွေ့လို့ ဖမ်းစီးသွားတယ်။”  ဖမ်ဆီးခံရသူ ၂ ဦးကတော့ မုံရွာမြို့ ရန်ကင်းရပ်ကွက်နေ အေးသူဇာနဲ့ နန္ဒဝန်ရပ်ကွက်နေ မရွှန်းလဲ့နန္ဒာတို့ ဖြစ်တယ်လို့ သိရပါတယ်။ မုံရွာမြို့နယ်အတွင်း ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေး (PDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တိုနဲ့ ဆက်နွှဲတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးတာ၊ […]

Most Read

2024-09-21 23:04:17