Breaking News >> News >> Democratic Voice of Burma


ကလေးမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦးသေဆုံး


Link [2022-03-21 14:53:57]



စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်းပိုင်းမှာ မတ်လ ၂၀ ရက် နေ့လယ်က စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးခဲ့တယ်လို့ CNDF တပ်ဖွဲ့ကနေ သိရပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း အောင်ချမ်းသာရွာနားမှာ မွန်းလွဲ   ၁၂ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ CNDF၊ PDF-ကလေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ CNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “နှစ်ဖက်ထိတွေ့ တိုက်ပွဲ တစ်နာရီလောက် အပြင်းအထန်ဖြစ်ပွားခဲ့တယ်။ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်” လို့ ပြောပါတယ်။ ကလေးမြို့နယ် ဟားခါးလေးကျေးရွာနားမှာလည်း မတ်လ ၁၆ ရက်က စစ်ကောင်စီတပ်တွေနဲ့ CNDF၊PDF-ကလေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ […]

Most Read

2024-09-21 22:55:02