Breaking News >> News >> Democratic Voice of Burma


မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်တိုက်ခတ်မည်


Link [2022-03-21 02:32:50]



မုန်တိုင်းငယ်(Depression)ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း မိုးဇလဌာနက မတ်လ ၂၀ ရက် ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာပါတယ်။ မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ လည်းကောင်း၊ နောက် ၃၆ နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါမုန်တိုင်းငယ်ဟာ မတ်လ ၂၁ ရက် ညပိုင်းမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီး သို့လည်းကောင်း ၂၂ ရက် မနက်ပိုင်းမှာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ ၂၂ ရက် ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression)ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် […]

Most Read

2024-09-21 22:52:44