Breaking News >> News >> Democratic Voice of Burma


ဧရာဝတီတိုင်းသို့ မတ် ၂၁ ရက်ည မုန်တိုင်း ဝင်ရောက်နိုင်


Link [2022-03-21 02:32:50]



ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းဖြစ်လာပြီး မနက်ဖြန်ညပိုင်းမှာ ဧရာဝတီတိုင်းကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေနဲ့ ခန့်မှန်းရေးဌာနတွေက ဆိုပါတယ်။ မိုးလေဝသပညာရှင်တယောက်ဖြစ်တဲ့ မစုစုစံက အခုဖြစ်လာမယ့်မုန်တိုင်းဟာ မတ် ၂၁ ရက်ကနေ ၂၃ အတွင်း ဧရာဝတီတိုင်းအနောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ပြောပါတယ်။ ဒီရက်အတွင်း ရန်ကုန်၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ နေပြည်တော်နဲ့ မန္တလေးတိုင်း၊ ရခိုင်၊ မွန်၊ ကရင်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးရွာနိုင်တယ်လို့လည်း ခန့်မှန်း ပြောဆိုထားပါတယ်။ မတ် ၂၁ ရက် ညနဲ့ ၂၂ ရက် မနက်ပိုင်းတို့မှာ မုန်တိုင်းဟာ ဧရာဝတီတိုင်းအနောက်ပိုင်း မော်တင်၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာ၊ ငပုတော၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်တို့ကို ဝင်ရောက်တိုက်ခတ်နိုင်ပြီး ၁ […]

Most Read

2024-09-21 23:18:18