Breaking News >> News >> Democratic Voice of Burma


မြိတ်ခရိုင်တွင် ၂ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံး


Link [2022-03-20 14:53:27]



မြိတ်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ မြိတ်မြို့နယ်၊ လသာကျေးရွာအနီးနယ်ခြားမှာ မတ် ၁၈ ရက်နေ့လယ်ပိုင်းက ဂိတ်ကြေးကောက်ခံနေတဲ့ ရဲတွေကို ဘက်မလိုက်ပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အဆိုပါ အပြန်အလှန်ပစ်ခတ်မှုမှာ ဒုရဲအုပ် ၁ ဦးသေပြီး ရဲ ၃ ဦးဒဏ်ရာရရှိခဲ့ကာ လက်နက် ၂ လက် သိမ်းဆည်းရမိခဲတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က စစ်ကူရောက်လာကာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဘက်မလိုက်ပျောက်ကျားအဖွဲ့က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။  ဒါ့အပြင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှာရှိတဲ့ ကိုးအင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ မတ် ၁၉ […]

Most Read

2024-09-21 23:18:59