Breaking News >> News >> Democratic Voice of Burma


ပြည်သူကိုသာ အလေးထားမျက်နှာမူခြင်းကသာလျှင်…


Link [2022-03-20 14:53:27]



ကချင်ပြည်နယ်ပိုင် ဖီမော၊ ဂေါ့လန်၊ ကမ်ဖန် ကျေးရွာ ၃ ရွာကိစ္စနဲ့ ဒီကနေ့ မြန်မာ့အရေကို ချိတ်ဆက်ပြီး ဆက်လက်ရေးသားပါရစေ။ ဒီဒေသဟာ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းနယ်မြေဖြစ် ‘နိုင်’တယ်ဆိုတဲ့ အင်္ဂလိပ်တောင်တန်း အရာရှိတစ်ယောက်ရဲ့ မှားယွင်းစွာ မှတ်ချက်ချ ပြောဆို ရေးသားဖော်ပြခဲ့တာကို မှတ်သားထားပြီး တရုတ်အစိုးရက ဒီကျေးရွာ ၃ ရွာကို သူတို့ပိုင်နယ်မြေဒေသ ဖြစ်တယ်လို့ အကြောင်းပြ ပြောဆိုကာ မြန်မာနိုင်ငံ ဖဆပလအစိုးရထံ တောင်းခဲ့ပါတယ်။  ဒေသခံကျေးရွာသားတွေက တရုတ်လက်အောက်မှာ မနေချင်ဘဲ၊ မြန်မာနိုင်ငံ (ကချင်ပြည်နယ်) ထဲမှာသာ ဆက်လက် နေထိုင်သွားလိုကြတာကြောင့် ၁၉၅၇  ခုနှစ်မှာ ကချင်တက္ကသိုလ် ကျောင်းသားတွေက ဝန်ကြီးချုပ်ဦးနုအား သွားရောက်တွေ့ဆုံပါတယ်။   ကချင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာအပြည့်အဝပေးဖို့ လိုလားကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကတိပြုခဲ့တာနဲ့ ကနေ့ကချင်ပြည်နယ် အခြေအနေက […]

Most Read

2024-09-21 23:03:20