Breaking News >> News >> Democratic Voice of Burma


ယူကရိန်းပြည်သူများဘက် ရပ်တည်ပေးရန် အိန္ဒိယဝန်ကြီးချုပ်ကို ဂျပန်တောင်းဆို


Link [2022-03-20 14:53:27]



ယူကရိန်းနဲ့ ရုရှားကြား နှစ်ဖက်ခွမနေဘဲ ယူကရိန်းပြည်သူတွေဘက်မှာ ရှင်းရှင်းလင်းလင်း ရပ်တည်ပေးဖို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီကို နယူးဒေလီကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါက တောင်းဆိုလိုက်ပါတယ်။  ကီရှီဒါက ရုရှားကျုးကျော်စစ်ဟာ နိုင်ငံတကာတရားဥပဒေစိုးမိုးရေး အခြေခံအုပ်မြစ်ကို ကိုင်လှုပ်ပစ်တာကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပြတ်ပြတ်သားသား ကူညီဖို့ မိုဒီကို တိုက်တွန်းခဲ့ပါတယ်။ “ရုရှားကျူးကျော်တိုက်ခိုက်မှုက နိုင်ငံတကာတည်ငြိမ်ရေးအစီအစဉ်ကို အကြီးအကျယ် ထိခိုက်စေပါတယ်။ ဘယ်ဒေသကိုမဆို တဖက်သတ်ဆုံးဖြတ်ပြီး ဝင်ရောက်တိုက်ခိုက်မှု မှန်သမျှကို မိုဒီရော၊ ကျနော်ရော ရှုတ်ချပါတယ်။ အငြင်းပွားမှုတွေကို နိုင်ငံတကာဥပဒေနဲ့ ငြိမ်းချမ်းစွာ အဖြေရှာသင့်ပါတယ်။ အခု ရုရှားရဲ့ စစ်ဆင်မှုကို ကျနော်တို့ နှစ်နိုင်ငံလုံး ရှုတ်ချပါတယ်” လို့ မိုဒီနဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ ကီရှီဒါက ပြောပါတယ်။  အိန္ဒိယနဲ့ ဂျပန်တို့ဟာ အမေရိကန်၊ ဩစတြေးလျတို့နဲ့အတူ လေးနိုင်ငံ လုံခြုံရေးမဟာမိတ်အဖွဲ့ ‘Quad’ […]

Most Read

2024-09-21 23:16:10