Breaking News >> News >> Democratic Voice of Burma


ကော့ကရိတ်မြို့နယ်မှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအားလုံး ထွက်သွားရန် ကေအန်ယူ သတိပေး


Link [2022-03-20 03:12:18]



ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအားလုံး မိမိတို့နေထိုင်ရာဒေသတွေကို ပြန်လည်ထွက်ခွာကြဖို့  ကော့ကရိတ်မြို့နယ် ကေအန်ယူက သတိပေးကြေညာထားပါတယ်။ ကော့ကရိတ်နယ်မြေထဲမှာစစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားရပ်တန့်သွားစေဖို့အတွက် ကေအန်ယူ ကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီတွေနဲ့ မြို့နယ်အတွင်းက KNLA တပ်ရင်း အမှတ် ၁၈၊ တပ်ရင်း အမှတ် ၂၇၊ တပ်ရင်းအမှတ် ၁၀၃၊ တပ်ရင်းအမှတ် ၂၀၁၊  KNDO လုံခြုံရေးတပ်ရင်းနဲ့ တပ်မဟာစစ်ကြောင်း ခေါင်းဆောင်တွေညှိနှိုင်းသဘောတူညီချက်အရ အခုလိုထုတ်ပြန်တာလို့ မတ် ၁၇ ရက်စွဲနဲ့ စာမှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်မှုနဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကို ပြည်တွင်းပြည်ပက ပြည်သူတွေ နည်းမျိုးစုံနဲ့ တော်လှန်နေတာကို ကမ္ဘာကအသိဖြစ်တယ်လို့လည်းဆိုပါတယ်။ ကော့ကရိတ်မြို့နယ်ထဲက စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး မိမိတို့ နေထိုင်ရာ ဒေသအသီးသီးကို […]

Most Read

2024-09-21 23:19:48