Breaking News >> News >> Democratic Voice of Burma


ဘုတလင်မြို့နယ် ငပယင်းကျေးရွာ၌ စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးကို စစ်တပ်က ပစ်သတ်


Link [2022-03-20 03:12:18]



စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပယင်းကျေးရွာကို  စစ်ကောင်စီတပ်က မတ်လ ၁၉ ရက် ဒီနေ့မနက်အစောပိုင်း ၄ နာရီကျော်လောက်က  ဝင်ရောက်ပစ်ခတ်ခဲ့လို့  စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦး သေဆုံးသွားပါတယ်။ “သေတဲ့သူက ငပြားလို့ခေါ်တယ်ဗျ။ အသက်က ၂၈ နှစ်ဝန်းကျင်လောက်ရှိလိမ့်မယ်။ ဘယ်လိုပစ်သတ်သွားတာလဲဆိုတော့ ဘယ်ဘက်ရင်အုံကနေတေ့ပြီး ညာဘက်ချိုင်းအောက်ကနေ ကျည်ထွက်သွားတယ်။ ပြောရရင်တော့ သေတဲ့သူက အရက်ကြောင်နေတဲ့သူပါ။ သူအရက်သောက်သွားရင်း စစ်ခွေးတွေနဲ့တွေ့ပြီး အသတ်ခံလိုက်ရတယ်”လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။  ဒါ့ပြင် ရွာမှာရပ်ထားတဲ့  မော်တော်ဆိုင်ကယ်သုံးစီးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး သွားတယ်လို့  ရွာသားတွေက ပြောပါတယ်။  အဲဒီစစ်သားတွေဟာ နမခတပ်‌ရင်းကလာတဲ့ တပ်သားတွေဖြစ်ကြပြီး  ကားနှစ်စီးနဲ့ ငပယင်းကျေးရွာကို လာရောက်ပစ်ခတ်တာလို့ သိရပါတယ်။ မတ်လ ၁၈ ရက် မနက်ကတော့  ဘုတလင်မြို့ပေါ် အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ […]

Most Read

2024-09-21 22:58:42