Breaking News >> News >> Democratic Voice of Burma


ကန့်ဘလူမြို့နယ်၌ စစ်တပ်က လက်နက်ကြီးဖြစ်ပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံး


Link [2022-03-20 03:12:18]



စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ဘောရွာကို  မတ်လ ၁၉ ရက် ဒီနေ့ မနက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၅ နှစ်အရွယ်ကလေးငယ်နဲ့  အမျိုးသမီး တယောက်သေဆုံးသွားကာ ၃ ယောက် ဒဏ်ရာရသွားတယ်လို့  ဒေသခံရွာသားတွေထံက သိရပါတယ်။ မျက်မြင်တွေခဲ့တဲ့ ရွာသားတဦးက “မနက်ခင်းအသံ အကျယ်ကြီးကြားလိုက်တယ်။ အသံကြားတဲ့ဆီသွားကြည့်လိုက်တော့ ရွာဦးကျောင်းအနီးက အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်ကို လက်နက်ကြီးကျည်ကျခဲ့တာ။ အုတ်ဖုတ်တဲ့အိမ်က ငါးနှစ်အရွယ်ကလေးနဲ့ အသက် ၃၀ အရွယ်အလုပ်သမား အမျိုးသမီးတစ်ဦး သေဆုံးတာတွေ့ခဲ့တယ်။ နောက်ထပ်ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းတွေ့ခဲ့တယ်”လို့  ပြောပါတယ်။ အခုလို ကျေးရွာတွေကို အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့  စစ်ကောင်စီတပ်ဟာ ရွှေဘိုမြို့နယ်ဘက်ကနေ ဝင်ရောက်ခဲ့တဲ့ စစ်တပ်ဖြစ်တယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ပြီးနောက် ကျေးရွာအတွင်းစစ်ကြောင်းထိုး လာတဲ့အတွက် ရွာသားတွေဟာ သေဆုံးသူရဲ့ အလောင်းကို အုတ်ပုံတွေကြားထဲမှာ ဒီတိုင်းပစ်ထားခဲ့ […]

Most Read

2024-09-21 23:16:14