Breaking News >> News >> Democratic Voice of Burma


ဟိုပင်မြို့နယ်တွင် ကေအိုင်အေပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်


Link [2022-03-20 03:12:18]



ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ နန့်ရင်းကျေးရွာအနီးမှာ မတ် ၁၉ ရက်မနက်က စစ်ကောင်စီတပ်နဲ့  ကေအိုင်အေ PDF ပူးပေါင်းအဖွဲ့တွေ  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဟိုပင်မြို့အရှေ့ နန့်ရင်းချောင်းအနီးမှာ စစ်ကြောင်းထိုးလာတဲ့  စစ်ကောင်စီ တပ်သား ၂၀၀ နီးပါးနဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ “မနက် ၇ နာရီလောက်က  တိန့်လုံပါဘက် စစ်ကြောင်းထိုးလာတုန်း  ကေအိုင်အေနဲ့ PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်တာပဲ။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ စစ်တပ်ဘက်က အကျအဆုံးများနိုင်တယ်။ တိတိကျကျတော့ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်မှာ  စစ်ကောင်စီတပ် ခလရ ၄၀ တပ်ရင်းကနေ  လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တဲ့အတွက် လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲလို့ နန့်ရင်းကျေးရွာနဲ့ ပတ်ဝန်းကျင်က ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ နန့်ရင်းကျေးရွာဟာ […]

Most Read

2024-09-21 23:17:58