Breaking News >> News >> Democratic Voice of Burma


ကလေးစစ်သား ၁၀၀၀ ကျော် စစ်မှုထမ်းခဲ့ကြောင်း စစ်ကောင်စီဝန်ခံ


Link [2022-03-20 03:12:18]



စစ်တပ်ထဲမှာ ကလေးစစ်သားပေါင်း ၁၀၀၀ ကျော် စစ်မှုထမ်းခဲ့တယ်လို့  စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဝန်ခံပြောကြားလိုက်တယ်။  မတ်လ ၁၈ ရက်က နေပြည်တော်မှာကျင်းပတဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ဆိုပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှ ယနေ့အချိန်အထိ တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့တဲ့ အသက်မပြည့် စစ်သည် ၁၀၂၉ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း၊ နောက်ထပ် အသက်မပြည့်သေးတဲ့ စစ်သည် ၂၈ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ အရွယ်မရောက်သေးတဲ့  ကလေးသူငယ်တွေနဲ့ ဆန္ဒမပါသူတွေကို မှားယွင်း စုဆောင်းခဲ့တဲ့ တာဝန်ရှိသူအရာရှိ ၊ စစ်သည်တွေကို အရေးယူ […]

Most Read

2024-09-21 22:41:19