Breaking News >> News >> Democratic Voice of Burma


အတွေးအခေါ်တိုက်ပွဲ


Link [2022-03-19 11:11:21]



ဖိနှိပ်သူ လူတန်းစားသည် ၎င်းတို့၏ အာဏာတည်မြဲရန် ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများသာမက အတွေးအခေါ်ပိုင်း ဖိနှိပ်မှုများကိုလည်း ပြုလုပ်လေ့ရှိသည်။ ရုပ်ပိုင်းဆိုင်ရာဖိနှိပ်မှု ဆိုသည်မှာ ဖိနှိပ်သူ လူတန်းစား၏ အကျိုးစီးပွားကို အကာအကွယ်ပြုသည့် စစ်တပ်၊ ရဲ၊ အကျဥ်းထောင်၊ တရားရုံး စသည်တို့ဖြင့် ဖိနှိပ်ခြယ်လှယ်မှု ဖြစ်သည်။ အတွေးအခေါ်ပိုင်းဖိနှိပ်မှုတွင် ယင်းဖိနှိပ်သူ လူတန်းစား၏ အုပ်ချုပ်မှုကို တရားကြောင်း၊ မှန်ကန်ကြောင်း ပြည်သူများ ယုံကြည်လာအောင် တဖက်သတ်အတွေးအခေါ်၊ အယူအဆများဖြင့် ဖိနှိပ်ခြယ်လှယ်ခြင်း ဖြစ်သည်။ ထို့ပြင် ယင်းအတွေးအခေါ်၊ အယူအဆများသည် ရှိသင့်ရှိထိုက်‌ကြောင်း၊ ထိုအတွေးအခေါ်များဖြင့် လူ့ဘောင်၊ လူ့အဖွဲ့အစည်းကြီး ပိုမိုကောင်းမွန်လာစေမည့်ဟန် ပုံဖော်တတ်ကြသေးသည်။ Alan Wolfe ၏အဆိုအရ အတွေးအခေါ်ပိုင်း ဖိနှိပ်မှုဆိုသည်မှာ “ဖိနှိပ်အုပ်ချုပ်သူတို့သည် ၎င်းတို့၏ အတွေးအခေါ်များကိုသာ လက်ခံယုံကြည်စေပြီး အခြားအတွေးအခေါ်များကို အယုံအကြည်မဲ့လာ‌စေရန် လူထု၏ […]

Most Read

2024-09-21 22:56:27