Breaking News >> News >> Democratic Voice of Burma


လူဗျူးမြို့ရှိ ယူကရိန်းလေယာဉ်ထိန်းသိမ်းရေးစခန်းကို ရုရှားမစ်ဇိုင်းဒုံးကျည်ထိမှန်


Link [2022-03-19 11:11:21]



ယူကရိန်းအနောက်ဘက် လူဗျူးမြို့ရှိ လေယာဉ်ထိန်းသိမ်းရေးစခန်းကို  မတ်လ ၁၈ ရက်က ရုရှားမစ်ဇိုင်းဒုံးကျည်လေးခု ထိမှန်ခဲ့ပြီး အဆောက်အဦတွေ ပျက်စီးသွားပါတယ်။  Black Sea ပင်လယ်ဘက်ကနေ အချိန်ခွဲခြား ပစ်ခတ်ခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ဗုံးတွေပါတဲ့ Kh-555 မစ်ဇိုင်းအမျိုးစားလို့ ယူကရိန်းစစ်တပ်က အတည်ပြုပါတယ်။ တနင်္ဂနွေနေ့ကလည်း ယူကရိန်းအနောက်ဘက် ယာဗိုရစ်ဗ် စစ်အခြေစိုက်စခန်းကိုလည်း ရုရှားက မစ်ဇိုင်းတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒုံးကျည်နဲ့ပစ်ခတ်ခံရတဲ့ လူဗျူးမြို့ လေယာဉ်ပြုပြင်ရေး အဆောက်အအုံတွေ အချိန်အတော်ကြာအောင် မီးစွဲလောင်ခဲ့ပါတယ်။   

Most Read

2024-09-21 23:13:47