Breaking News >> News >> Democratic Voice of Burma


စပါးခွံမှ လျှပ်စစ်ထုတ်လုပ်ရန် ချေးငွေနှင့် နည်းပညာ အကူအညီလျှောက်ထားနိုင်


Link [2022-03-19 11:11:21]



စွန့်ပစ်စပါးခွံကနေ လျှပ်စစ်ထုတ်လုပ်ဖို့ စိတ်၀င်စားတဲ့ ဆန်စက်လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ လိုအပ်တဲ့ ချေးငွေနဲ့ နည်းပညာ အကူအညီ တင်ပြတောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မတ်လ၁၇ ရက်မှာ  အသိပေးထုတ်ပြန် ထားပါတယ်။  လျှပ်စစ်ဓါတ်အား အလှည့်ကျရရှိမှု အခြေအနေကြောင့် ဆန်စက်တွေ ပုံမှန်လည်ပတ်ဖို့ အခက်အခဲရှိနေတာကို ရေရှည်မှာ အဆင်ပြေစေဖို့ရည်ရွယ်ပြီး၊ စွန့်ပစ်စပါးခွံကနေ လျှပ်စစ်ဓာတ်အားထုတ်ကာ မဟာဓာတ်အား လိုင်းကွန်ရက်နဲ့ ချိတ်ဆက်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် ရည်ရွယ်ကာ အကူအညီပေးနိုင်ဖို့ စီစဉ်တာလို့ အသင်းချုပ်က ဆိုပါတယ်။  အကူအညီတွေရယူလိုတဲ့ ဆန်စက်လုပ်ငန်းတွေ၊ ကုမ္ပဏီတွေအနေနဲ့  မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အသင်းချုပ်ကို တင်ပြရမှာဖြစ်ပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ  လျှပ်စစ်မီး ပြတ်တောက်မှု စံချိန်တင်ဖြစ်ပေါ်နေပြီး ၊ မီးရရှိချိန်နည်း လာတာကြောင့် စီးပွားရေးလုပ်ငန်းတွေရော၊ ပြည်သူတွေပါ အခက်အခဲ၊ […]

Most Read

2024-09-21 22:42:14