Breaking News >> News >> Democratic Voice of Burma


တောင်ကိုရီးယားသမ္မတသစ် အိမ်ပြာတော်၌ ရုံးမထိုင်ဘဲ အခြားနေရာတွင် ရုံးထိုင်မည်


Link [2022-03-19 11:11:21]



တောင်ကိုရီးယား သမ္မတသစ် ယွန်းဆက်ယိုးလ်က သူ့ရဲ့ ရုံးခန်းနဲ့ နေအိမ်ကို အစဉ်အလာအတိုင်း သမ္မတအိမ်ယာဝင်း အိမ်ပြာတော်မှာ မထားရှိဘဲ တခြားတနေရာတခုမှာ ရွှေ့ပြောင်းမယ်လို့ ပြောလိုက်တဲ့အတွက် ဝေဖန်သူတွေအကြား အချေအတင်ဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။  မတ် ၉ ရက် အကြိတ်အနယ်ရှိတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မစ္စတာယွန်းက သူ့ရုံးကို တခြားတနေရာ ရွှေ့ပြောင်းပြီး အိမ်ပြာတော်ကိုတော့ အများပြည်သူအတွက် ဖွင့်ပေးထားမယ်လို့ ပြောပါတယ်။  ယွန်းက လုံခြုံရေးကို စိုးရိမ်ပုံရပြီး အနီးအနားက ကာကွယ်ရေးဌာနအဆောက်အအုံဝင်းဆီ ပြောင်းရွှေ့မယ့်ပုံပါ။ အတိုက်အခံ ဒီမိုကရက်ပါတီအုပ်စုကတော့ မစ္စတာယွန်းအပေါ်မှာ တရုတ်ရိုးရာအစီအရင် ‘ဖုန်းရွှေ’ အယူအဆ ဩဇာသက်ရောက်နေတာကြောင့် အိမ်ပြာတော်ကို မင်္ဂလာမရှိဘူးလို့ ယူဆပြီး ပြောင်းရွှေ့တာလို့ ဝေဖန်ကြပါတယ်။  ကိုရီးယားဖုန်းရွှေအသင်းခေါင်းဆောင် ဂျီးဂျွန်ဟတ်က အိမ်ပြာတော်ဟာ နိမိတ်မကောင်းတဲ့ နေရာမှာတည်ရှိနေလို့ ရှေးဘုရင်အများအပြားက အဲဒီနေရာကို […]

Most Read

2024-09-22 00:38:35