Breaking News >> News >> Democratic Voice of Burma


အမေရိကန်နှင့် တရုတ် သမ္မတ ၂ ဦး ဖုန်းဆက်ဆွေးနွေးမည်


Link [2022-03-18 22:14:31]



တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့ ဖုန်းခေါ်ဆိုပြီး ၂ နိုင်ငံလုံးက စိုးရိမ်တဲ့ အရေးကိစ္စတွေအပေါ် ဆွေးနွေးအမြင်ဖလှယ်ကြမယ်လို့ တရုတ်အစိုးရရုပ်သံက မတ်လ ၁၈ ရက်မှာ ကြေညာပါတယ်။ အမေရိကန်အစိုးရကတော့ တရုတ်က ရုရှားကို ပိုမိုပြီးထောက်ပံ့ရင် တရုတ်အစိုးရ အထီးကျန်ဖြစ်နိုင်တယ်လို့ အောက်ခြေအဆင့် တရုတ်အစိုးရ အရာရှိတွေကို လူသိရှင်ကြား ခြိမ်းခြောက်ခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားသမ္မတတွေက အကန့်သတ်မဲ့ ဗျူဟာမြောက် မိတ်ဘက်ဖြစ်ကြောင်း အရင်လက ကြေညာခဲ့ပြီးတဲ့နောက် တရုတ်ဟာ ရုရှားနဲ့ ပိုနီးကပ်လာနေတယ်လို့ အမေရိကန် အစိုးရက ရှုမြင်ခဲ့တာပါ။ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ လုပ်ရပ်ကို ကျူးကျော်မှုလို့ ပြောဆို ပြစ်တင်ရှုတ်ချဖို့ တရုတ်အစိုးရက ငြင်းခဲ့ပါတယ်။ ယူကရိန်းရဲ့ အချုပ်အခြာကို အသိအမှတ်ပြုပေမယ့် ရုရှားမှာလည်း ကိုင်တွယ်ဖြေရှင်းသင့်တဲ့ တရားဝင်လုံခြုံရေး စိုးရိမ်စရာတွေ […]

Most Read

2024-09-22 00:26:17