Breaking News >> News >> Democratic Voice of Burma


အင်တောမြို့၌ ၁၈ နှစ်ပြည့်ပြီးသူများ မှတ်ပုံတင်မရှိပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်


Link [2022-03-18 22:14:31]



ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့က ရပ်ကွက်တချို့မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေ မှတ်ပုံတင်လုပ်ဖို့ အုပ်ချုပ်ရေးမှူးရုံးက မတ် ၁၅ ရက်ကစလို့ အသံချဲ့စက်နဲ့ အသိပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၁ ရက်ကစလို့ အုပ်ချုပ်ရေးမှူးရုံးအနေနဲ့ မှတ်ပုံတင် လိုက်လံစစ်ဆေးမှာဖြစ်ပြီး မှတ်ပုံတင်မရှိပါက အရေးယူမယ်လို့လည်း အုပ်ချုပ်ရေးမှူးရုံးက အသိပေးပါတယ်။ “၄ လပိုင်း ၁ ရက်မှာ မှတ်ပုံတင် လာစစ်မယ်လို့ ပြောတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မှတ်ပုံတင် လုပ်ထားရမယ်။ လာရောက်စစ်ဆေးတဲ့အခါ မှတ်ပုံတင်မရှိပါက အရေးယူမယ်လို့ အော်နေတာ။ အော်နေတာက ၃ ရက်လောက်ရှိပြီ” လို့ ဒေသခံတွေက ပြောပါတယ်။  စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ ဧပြီ ၁ ရက်က […]

Most Read

2024-09-22 00:32:28