Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီက ဘတ်ဂျက်အသုံးစရိတ် ပြည်သူကိုချမပြဘဲ နိုင်ငံ့ဘဏ္ဍာငွေများကို စိတ်ကြိုက်သုံးစွဲ


Link [2022-03-18 22:14:31]



အာဏာသိမ်းစစ်ကောင်စီဟာ ကာကွယ်ရေးနဲ့ စစ်အသုံးစရိတ်အပါအဝင် နိုင်ငံတော်ဘတ်ဂျက်တွေကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာချပြခြင်းမရှိဘဲ ပြည်ထောင်စုရဲ့ ဘတ်ဂျက်ဥပဒေတရပ်ကို စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး မတ်လ ၁၇ ရက်နေ့က ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို နေပြည်တော်မှာကျင်းပကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ တရပ်ကို ပြဋ္ဌာန်းဖို့ ဆွေးနွေးခဲ့တယ်လို့သာ စစ်ကောင်စီကသတင်းထုတ်ပြန်ပြီး ဘတ်ဂျက်အသုံးစရိတ် ပမာဏကိုတော့ အများပြည်သူသိအောင် ထုတ်ပြန်ခဲ့တာ မရှိပါဘူး။ အရင်အရပ်သားအစိုးရလက်ထက်မှာတော့ နိုင်ငံတော်ရဲ့ ပြည်ထောင်စု ဘတ်ဂျက်နဲ့ ပတ်သက်ပြီး လွှတ်တော်အသီးသီးမှာ ပွင့်လင်းမြင်သာစွာ ငြင်းခုံဆွေးနွေး ပြည်သူလူထုကို ချပြပြီးမှ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ တရပ်ကိုနှစ်စဉ် ပြဋ္ဌာန်းလေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အခုလို စစ်ကောင်စီခေါင်းဆောင် ဦးဆောင်ပြီး စိတ်ကြိုက်ရေးဆွဲမယ့် ဘတ်ဂျက်ဟာ လုပ်ထုံးလုပ်နည်းနဲ့ သွေဖယ်မှု […]

Most Read

2024-09-22 00:34:08