Breaking News >> News >> Democratic Voice of Burma


ပြည်ကြီးတံခွန်မြို့နယ်၌ စစ်ကောင်စီက တအိမ်တယောက် အတင်းအကျပ်ကင်းစောင့်ခိုင်း


Link [2022-03-18 22:14:31]



မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့တွေက တအိမ်တယောက် ကင်းစောင့်ခိုင်းနေတယ်လို့ သိရပါတယ်။ ဋ ရပ်ကွက်မှာ ကံကြီးကုန်း၊ ဇီးအုပ်၊ ကွက်သစ် စတဲ့ ကွက်စိတ်ငါးခုခန့်ရှိပြီး ကွက်စိတ်တစိတ်ကို လူ ၆ ဦးနှုန်းနဲ့ တအိမ်တယောက်နှုန်း အလှည့်ကျ ကင်းစောင့်ဖို့ အတင်းအကျပ် ခိုင်းစေနေရပါတယ်။ ရပ်ကွက်နေ ပြည်သူတဦးက “ကင်းစောင့်တဲ့လူတွေကိုလည်း အချိန်မတော် ထွက်လာတဲ့ သူမှန်သမျှကို သူတို့က ရိုက်ခိုင်းတာ၊ ရိုက်ပေါ့၊ နောက်ဆုံး သတ်ပစ်လို့လည်း ရတယ်ပေါ့၊ သူတို့ တာဝန်ယူတယ်ပေါ့၊ သတ်ပစ်လို့လည်း သူတို့ တရားစွဲမခံရဘူးပေါ့နော်၊ သတ်လို့ရတယ်ပေါ့၊ အဲ့လိုမျိုးပေါ့” လို့ ပြောပါတယ်။ မတ်လ ၁၅ ရက်နေ့ကတည်းက ကင်းစောင့်နေရတာဖြစ်ပြီး ကိုဗစ်ကာလအတွင်းက ရပ်ကွက်ကင်းစောင့်ဖို့ မှတ်ပုံတင်နဲ့ စာရင်းပေးထားရသူတွေရဲ့ […]

Most Read

2024-09-22 00:34:41