Breaking News >> News >> Democratic Voice of Burma


ထိုင်းမြောက်ပိုင်းတွင် စိတ်ကြွမူးယစ်ဆေးပြား အလုံးရေ ၅ သန်းကျော် ဖမ်းမိ


Link [2022-03-18 10:32:55]



ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်နဲ့ လမ်းပန်းခရိုင်မှာ တစ်နေ့တည်း စိတ်ကြွဆေးပြားအလုံးရေ ၅ သန်း ၁ သိန်းကျော်ဖမ်းဆီးရမိတယ်လို့  မယ်ဆိုင်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  မတ်လ ၁၇ ရက် မနက်စောစောပိုင်းက ချင်းရိုင်း – ချင်းမိုင်သွား အဝေးပြေးလမ်းမကြီးပေါ်မှာ  မြောက်ပိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့ တာဝန်အရ ဖြတ်သန်းသွားလာတဲ့ကားတွေကို စစ်ဆေးရာမှာအဖြူရောင် ဟိုင်းလပ်စ်ကား ၁ စီးက ရပ်မပေးဘဲ မောင်းပြီးထွက်ပြေးသွားလို့ တာဝန်ရှိသူတွေကလည်း နောက်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။  အဆိုပါကားဟာ လမ်းမကြီးပေါ်ကနေ မဲ့ဆွေမြို့နယ် ဝါဝီကျေးရွာတောလမ်းဘက်ကို မောင်းသွားပြီး တောတွင်းတစ်နေရာရောက်တော့ အရှိန်နဲ့လမ်းဘေးတောင်စောင်းပေါ်ကနေလိမ့်ကျသွားကြောင်း ၊ ကားမောင်းသမားကတော့ မှောင်ရိပ်ခိုပြီးထွက်ပြေးလွတ်မြောက်သွားတယ်လို့  တာဝန်ရှိက သတင်း ထောက်ကို ပြောပါတယ်။  ကားပေါ်မှာတော့ ဆာလာအိတ်ပေါင်း ၁၁ အိတ်တွေ့ရှိကြောင်း ၊ အထဲမှာ ၉၉၉ အမှတ်တံဆိပ် […]

Most Read

2024-09-22 00:41:19