Breaking News >> News >> Democratic Voice of Burma


ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်


Link [2022-03-18 10:32:55]



မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းအနီးသို့ လာမယ့် မတ်လ ၂၂ ရက်နေ့မှာ   ဆိုင်ကလုန်းမုန်တိုင်း ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  မတ်လ ၁၈ ရက် ဒီနေ့မနက် ခန့်မှန်းထုတ်ပြန်ထားပါတယ်။  ဒီမနက်အစောပိုင်း တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ယင်းနှင့်ဆက်စပ်နေတဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ကပ္ပလီပင်လယ်ပြင်၊ နီကိုးဘားကျွန်းနဲ့ ကိုကိုးကျွန်းအနီ မတ်လ ၂၀ ရက်နေ့မှာ မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ မတ်လ ၂၁ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်းရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မတ်လ ၂၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ […]

Most Read

2024-09-22 00:33:53