Breaking News >> News >> Democratic Voice of Burma


စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ရေးကြိုးပမ်းမှု ရပ်တန့်ခဲ့ရဟု သံအမတ်ကြီးပြော


Link [2022-03-18 10:32:55]



မြန်မာနိုင်ငံဟာ အရပ်သားအစိုးရလက်ထက်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDCs) အဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနဲ့ ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် အရပ်သားအစိုးရရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေ ရပ်တန့်စေခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်  သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။ မတ်လ ၁၇ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ ပြောကြားခဲ့တာဖြစ်ပြီး  စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ မြန်မာနိုင်ငံမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်ရေး ကြိုးပမ်းရာမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကူညီဆောင်ရွက်ပေးကြဖို့  သံအမတ်ကြီးက  မေတ္တာရပ်ခံလိုက်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာ့စီးပွားရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိပေမဲ့ ရွေးကောက်ခံပြည်သူ့အစိုးရဟာ သင့်တော်တဲ့ လူမှုစီးပွားကယ်ဆယ်ရေးမူဝါဒတွေနဲ့ လူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရင်း စီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ဒါကြောင့် […]

Most Read

2024-09-22 00:33:54