Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ် သေဆုံး


Link [2022-03-18 10:32:55]



စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ မတ် ၁၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယင်းမာပင်ဘက်ကနေ မုံရွာဘက်ကို မောင်းနှင်လာတဲ့ ခရီးသွားပြည်သူတွေရဲ့ လိုက်ထရပ်ကားကို ဖိုလ်ဝင်တောင်လမ်းခွဲ အနောက်ဘက်လောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာပါ။ ဘာကြောင့် အခုလို ပစ်ခတ်တယ်ဆိုတာ တိတိကျကျ မသိရသေးဘဲ အခင်းဖြစ်ချိန်မှာ လမ်းသွားလမ်းလာ နည်းပါးနေတယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ်ရဲ့ ဦးခေါင်း ပွင့်ထွက်ဒဏ်ရာရခဲ့ပြီး နေရာမှာတင် သေဆုံးသွားသလို ကလေးငယ်ရဲ့မိခင်လည်း လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာ ရခဲ့ပြီး သူတို့ဟာ ဘယ်ဒေသကဖြစ်တယ် ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ အခင်းဖြစ်ပြီးနောက် လာသမျှကားတွေကို စစ်ကောင်စီတပ်က […]

Most Read

2024-09-22 00:29:19