Breaking News >> News >> Democratic Voice of Burma


ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-03-18 10:32:55]



စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွရွာနဲ့ အောင်ချမ်းသာရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မတ် ၁၇ ရက် မနက် ၇ နာရီခွဲလောက်မှာ PDF (Kalay) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “စစ်ကောင်စီတပ်တွေက မနက်အစောကြီး ချောင်းခွရွာကနေ အောင်ချမ်းသာရွာဘက် စစ်ကြောင်းထိုးလာတယ်။ အဲလိုလာနေတယ်ဆိုတာကို ကျမတို့ PDF (Kalay) တပ်ဖွဲ့က သတင်းအတိအကျ ရထားလို့ ကြိုတင်ပြင်ဆင်ထားတယ်။ သူတို့ မိုင်းကွင်းထဲ ရောက်လာတာနဲ့ ကျမတို့အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ထိခိုက်သေဆုံးတာ များနိုင်တယ်လို့ ထင်တယ်။ ကျမတို့ PDF တွေဘက်ကတော့ နယ်မြေကျွမ်းကျင်တာကို အသုံးချနိုင်ခဲ့တာမို့ ထိခိုက်ကျဆုံးတာ မရှိဘူး။” အဆိုပါ စစ်ကောင်စီတပ်ဟာ နတ်မြောင်းရွာနဲ့ နတ်ချောင်းရွာမှာ တပ်စွဲနေထိုင်နေတာလို့လည်း သိရပါတယ်။ မတ် […]

Most Read

2024-09-22 00:22:05