Breaking News >> News >> Democratic Voice of Burma


မိုးကုတ်မြို့က ဘိလိယက်ခုံကို စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်ဖမ်းဆီး၊ ၃ ဦး ကျည်ထိမှန်


Link [2022-03-17 22:53:27]



မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ပန်းမကျောက်သပိတ်ရပ်ကွက်က ဘိလိယက်ခုံကို မတ် ၁၆ ရက် ည ၉ နာရီလောက် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတာကြောင့် ၃ ဦး ကျည်ထိမှန်ခဲ့ပြီး ၅ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒေသခံတဦးက “ကြူခုံထဲကို သေနတ်နဲ့ရမ်းပစ်ပြီး ဖမ်းတာ၊ အနီးအနားအိမ်က မှန်တွေပါ ထိပြီး ကွဲတယ်၊ သေနတ်နဲ့ဝင်ပစ်ပြီး ဖမ်းတာဆိုတော့ ၃ ယောက် ကျည်ထိသွားတယ်” လို့ ပြောပါတယ်။ဘိလိယက်ခုံထဲကို ဘာကြောင့် ဝင်ရောက် ပစ်ခတ်ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘဲ ကျည်ထိမှန်သူတွေကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။မိုးကုတ်မြို့က ကျပ်ပြင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးအနား ရပ်ကွက်တွေကို တအိမ်တက်ဆင်း လိုက်လံရှာဖွေခဲ့ပြီး နေအိမ်တခုအတွင်း ကျောက်မျက်တွင်းလုပ်ရာမှာသုံးတဲ့ ယမ်းတုံးမိတာကြောင့် ၁ […]

Most Read

2024-09-22 00:39:36